Monday, December 25, 2017

ရဲယိုရွက် ငါးဖယ်ထုပ်

ရဲယိုရွက် ငါးဖယ်ထုပ်
ရဲယိုရွက် အနုများကို ရေဆေးသန့်စင် ရေစစ်ထားပါ။
ငါးဖယ်ကို နနွင်းမှုန့်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ကြက်သွန်ဖြူ၊ ချင်း ညက်အောင် ထောင်းထည့်ပြီး နယ်ပါ။ ပြီးလျင် အပေါ်အောက် မြှောက်ရိုက်ပါ။
စီးပိုင်လာလျင် ရဲယိုရွက်ထဲ အနေတော်ထည့်ပြီး ပုံပါအတိုင်း ထုတ်ပါ။
ပြီးလျင် အိုးထဲ စီထည့်ပြီး ငံပြာရည် အနည်းငယ်၊ နှမ်းဆီ ထမင်းစားဇွန်း တစ်ဇွန်း၊ ဟင်းခတ်မှုန့်၊ ကြက်သွန်ဖြူ၊ နီ ပါးပါးလှီးထည့်ပါ။
ငါးဖယ်ထုတ်များ ရေမြုတ်အောင်ထည့်ပြီးတည်ပါ။
ကြက်သွန်ကျက်ပြီး ပွက်ပွက်ဆူလျင် အပေါ့အငံ လိုသလို ထည့်ပါ။
ဆေးဖက်လည်းဝင် ခံတွင်းလည်းမြိန်ပါတယ်။ လုပ်စားကြည့်နော်....





Source: Khin Than Nwe

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment