Friday, December 15, 2017

ရွှေထမင်း

ရွှေထမင်း 





ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းဆန် ၂ ခွက် (Rice Cooker ခွက်)
၂။ သကြားညို  ၈၀ - ၁၀၀ ဂရမ်
၃။ ဆား အနည်းငယ် 
၎။ အုန်းသီးခြစ် ဖြူးစားရန် အနည်းငယ် (မနုမရင့်)

ပြုလုပ်နည်း
၁။ ထန်းလျက် (သို့ ) သကြားညိုကို ညောင်စေးကျအောင် ကြိုထားပါ။ ဆားခတ်မွှေထားပါ။
၂။ ကောက်ညှင်းဆန်ကို ရေနွေးနွေး နဲ့ ကြည်သန့်လာတဲ့အထိ ဆေးပြီး တစ်ည ရေစိမ်ထားပါ။ နောက်တနေ့မှာ အပေါက်ပါတဲ့ ပေါင်းဇကာထဲထည့်၊ အောက်ခံအိုးထဲကို ရေ  ၁/၂ - ၂ လက်မ ထည့်၊ မီးကို အလယ်လတ် မှာထားပြီး ရေဆူအောင်တည်၊ ရေဆူပြီ ဆိုလျှင် မီးလျှော့ပြီး ၄၅ မိနစ်ခန့် ပေါင်း၊ ကောက်ညှင်းဆန် အလုံးအပျက်ဘဲ ဆန်သားလည်းနပ်ရပါမယ်။ ကောက်ညှင်းနပ်ပြီဆိုရင် ဗန်းတစ်ခုထဲထည့်ပြီး အအေးခံထားပါ။
၃။ ကောက်ညှင်းပေါင်းပူပူ နှင့် ထန်းလျက်ရည်ကို ရောမွှေပေးပါ။ 
၎။ ဗန်းတွင်ထည့်ပြီး မျက်နှာပြင်ညှိ အအေးခံပါ။
၅။ အေးသွားလျှင် နှစ်သက်ရာပုံ လှီးပြီး အုန်းသီးဖြူးစားလို့ ရပါပြီ။
Source: Meemeetofu


MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment