Thursday, December 7, 2017

ငါးနဲ့ ကြက်သားနဲ့တွဲပြီး ချက်တဲ့စားရခဲတဲ့ ညောင်ပင်ကြီးမုန့်ဟင်းခါး

ငါးနဲ့ ကြက်သားနဲ့တွဲပြီး ချက်တဲ့စားရခဲတဲ့ ညောင်ပင်ကြီးမုန့်ဟင်းခါး
ညောင်ပင်ကြီးမုန့်ဟင်းခါး ချက်နည်း







လိုအပ်တာတွေကတော့
 ၁။ ငါးကြင်း - ၂၅ ကျပ်သား
၂။ ကြက်သားရင်ဘုံ - ၂၅ ကျပ်သား
၃။ ကုလားပဲ/ကုလားပဲမှုန့် - ၁၀သား
၎။ ဆား - ၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
၅။ နနွင်းမှုန့် - ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
၆။ အရောင်တင်မှုန့် - ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
၇။ ချင်း - ၁တက်(ပါးပါးလှီးထားပါ)
၈။ ကြက်သွန်ဖြူ  - ၁၀ မွှာ
၉။ ကြက်သွန်နီဥသေး -  ၁၀ လုံး
၁၀။ ငံပြာရည် - ၄ဇွန်း (စားပွဲတင်ဇွန်း)
၁၁။ ကြက်သားမှုန့်/ အချိုမှုန့် - ၂ဇွန်း
၁၂။ ငှက်ပျောအူ - ၁ ခွက် (ပါးပါးလှီးထားပါ)
၁၃။ ကြက်သွန်ဖြူဆီချက်၊ ငြုပ်သီးအကျက်မှုန့်လုပ်ထားပါ။
၁၄။ ကြက်ဥ - ၂ လုံး (ခေါက်ထားပါ)
၁၅။ နံနံပင် - ၁ စီး (ပါးပါးလှီးထားပါ)
၁၆။ သံပုရာသီး - ၁ လုံး (အစိပ်လေးစိပ်ထားပါ)
ပြုလုပ်ပုံ
******
၁။ ကြက်သွန်ဖြူ ၊ချင်းကို နနွင်းမှုန့် ဇွန်းဝက်ခန့်နဲ့ ညက်အောင်ထောင်းပါ။
၂။ ငါးကြင်းကို နနွင်းအနည်းငယ်၊ ငံပြာရည်၊ ချင်း ၊ရေ ၁ခွက်ထည့်၍ ကျက်အောင်ပြုတ်ပါ။ ငါးကျက်ရင်ဆယ်ပြီး အအေးခံပြီး အသားနွင်ထားပါ။ ငါးအပြုတ်ရည်ကိုဖယ်ထားပါ။

၃။ ကြက်ရင်ဖုံကို နနွင်းအနည်းငယ်၊ ငံပြာရည်၊ ချင်း၊ ရေ ၁ခွက်ထည့်၍ ကျက်အောင်ပြုတ်ပါ။ ကြက်သားကျက်ရင် ဆယ်ပြီး အအေးခံပြီး အသားနွင်ထားပါ။ ကြက်ပြုတ်ရည်ကိုဖယ်ထားပါ။

၎။ ငှက်ပျောအူလက် (၁)ထွာခန့် တစ်ပိုင်းကို အပေါ်ရံ အမှေးပါးတွေ ခွာပြီး ပါးပါးလှီးထားပါ။ ပြီးနောက် ရေဇလုံထဲကို ဆား၁ဇွန်းထည့် ၊ကုလားပဲခြမ်းနဲ့လုပ်ပါက ပဲကိုပွအောင်စိမ်ပြီး သန့်ရှင်းကာ နနွင်းအနည်းငယ် ရေများများထည့်ပြီး နူးအောင်ပြုတ်ပါ။ ပဲနူးရင် အအေးခံပြီး blander နဲ့မွှေပေးပါ။ ကုလားပဲမှုန့်စိမ်းနဲ့လုပ်ပါက ပဲမှုန့်ကိုဖျော်ပြီးလည်း ထည့်နိုင်ပါတယ်။

မုန့်ဟင်းခါးချက်ရန်

ဟင်းခါးချက်မည့်အိုးထဲ ကြက်ပြုတ်ရည်နဲ့ ငါးပြုတ်ရည်တို့ကို စစ်ထည့်ပြီး ရေ ၂ခွက်ထည့်ကာ ဆားရေစိမ်ထားတဲ့ ငှက်ပျော်အူကို ရေစစ်ပြီး နူးအောင်အရင်ပြုတ်ပါ။
နနွင်း၊ ဆား၊ အချိုမှုန့်/ ကြက်သားမှုန့် ၊ငြုပ်သီးအရောင်တင်မှုန့် ၂ ဇွန်း အားလုံးကို အရင်ညက်အောင် ထောင်းပြီး ငါးအသားနွင်ပြီးသား ထည့်ထောင်းပါ။ ကြက်သားပါ အနည်းငယ်ထည့်ထောင်းပေးပါ။ ညက်အောင်ထောင်းစရာမလိုပါ။

မုန့်ဟင်းခါးဆီသတ်ရန်
*****************
ဒယ်အိုးထဲ ဆီ ၁၀ သားခန့်ထည့်ပြီး ကြက်သွန်ဖြူ ၊ချင်း၊ နနွင်းထောင်းပြီးသားကို ဆီသတ်ပါ။ ပြီးနောက် ငါးနဲ့ ကြက်သားထောင်းထားတာ ထည့်ကြော်ပါ။ ဆား၊ငံပြာရည်လိုသလောက်ထည့်ပါ။ ငြုပ်သီးအရောင်တင်မှုန့်ကို ငါးနဲ့ ကြက်သားဆီသတ်တဲ့အခါမှာမထည့်ပါ။ ကလေးတွေမစားနိုင်မှာစိုးလို့ ဟင်းခါးကျက်မှ ကလေးတွေအတွက်ဖယ်ပြီး ငြုပ်သီးမှုန့်ကို ဆီ ၁ဇွန်းနဲ့ဆီသတ်ပြီး ထည့်ထားပါတယ်။ အဆင်ပြေသလိုလုပ်ပါ။
ရေအနည်းငယ်ထည့်ပြီး ဆီပြန်အောင်ချက်ပြီး မုန့်ဟင်းခါးအိုးထဲထည့်ပါ။ ကြက်ဥခေါက်ထားတာထည့်ပြီး အနည်းငယ်မွှေပေးပါ။
ကုလားပဲပြုတ်ရည်/ပဲမှုန့်ဖျော်ရည်ထည့်ပြီး မီးအရှိန်လျှော့ပြီး အိုးမကပ်အောင်ဂရုစိုက်မွှေပေးပါ။
ကြက်သွန်ဥကို နောက်ဆုံးမှထည့်ပြီး ဟင်းခါးရည်လိုသလောက်ရေထည့်ပြီး အပေါ့အငံမြည်းပါ။
မုန့် ဖတ်အခြောက်ထုပ်ကို မပြုတ်ခင် ရေ (၁၅)မိနစ်ခန့်စိမ်ပြီး ပြုတ်ပါ။ မုန့် ဖတ်ကျက်ရင် ရေအေးနဲ့ဆေးပြီး ဘမ်းတခုနဲ့ မုန့်တပွဲစာခန့်အရွယ် ဘမ်းထဲထည့်ထားပါ။

မုန့်ပွဲပြင်ရန်
*********
ပန်းကန်လုံးထဲ မုန့်ဖတ် ၁ ပွဲစာခန့်ထည့်ပါ။ ပြီးနောက် ဟင်းခါးလိုသလောက်ထည့်ပါ။ ကြက်သွန်ဖြူ /နီဆီချက်၊ ငြုပ်သီးအကျက်မှုန့်၊ ငံပြာရည်၊ သံပုရာသီး၊ နံနံပင်တို့နဲ့ အရသာရှိစွာ သုံးဆောင်လို့ရပါပြီရှင့်....
Source : Sabeedar Sofe

MYKA Ecommerce

www.myka.com.mm

No comments:

Post a Comment