Sunday, December 3, 2017

ကုန်းဘောင်ကြီးကြော်

ကုန်းဘောင်ကြီးကြော်

ကုန်းဘောင်ကြီးကြော်က တရုတ်အစားအစာတွေထဲမှာတော့ နာမည်ကြီးတဲ့ဟင်းတပွဲပါ။

လွယ်လွယ်ကူကူလေးမို့ ချက်စားကြည့်နော်။


ပါဝင်သောပစ္စည်းများ (၂ ပွဲစာအတွက်)
၁။ ကြက်သား (သို့ ) ၀က်သား - ၂၅ကျပ်သား
၂။ ကြက်သွန်နီ - ၂ လုံး
၃။ ခရမ်းချဉ်သီး - ၁ ခြမ်း ( အလှအတွက်ထည့်တာပါ။ မထည့်လဲရပါတယ်။)
၎။ ကြက်သွန်ဖြူ - ၂ မွှာ
၅။ ချင်း - လက်တဆစ်
၆။ ငရုတ်သီးခြောက် - ၅ ခု
၇။ ပန်းမုန်လာ - အနည်းငယ်
၈။ မုန်လာဥနီ - ၁ ဥ
၉။ ပဲငံပြာရည် - ထမင်းစားဇွန်း ၃ ဇွန်း
၁၀။ ကြာညို့ (ပဲငံပြာရည်အပျစ်) - လက်ဖက်ရည်ဇွန်း တ၀က်
၁၁။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၂။ ဆီ -ထမင်းစားဇွန်း ၆ ဇွန်း

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ အသားကို အတုံးသေးသေးလေးတွေတုံးပြီး ပဲငံပြာရည်၊ ကြာညို့ (ပဲငံပြာရည်အပျစ်)၊
သကြားတို့ ဖြင့်နယ်ထားပါ။
၂။ ကြက်သွန်ဖြူကို တောက်တောက်ဆင်းထားပါ။ ချင်းကို အချောင်းလေးတွေဖြစ်အောင်လှီးထားပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပန်းမုန်လာ၊ မုန်လာဥနီတို့ ကို အတုံးအသေးလေးတွေတုးံပြီး သပ်သပ်စီထားပါ။
၃။ ကြော်မည့် ဒယ်အိုးထဲကိုဆီထည့်ပြီး ဆီပူလာလျှင် ငရုတ်သီးခြောက်များကို ထည့်ကြော်ပါ။ ငရုတ်သီးခြောက်များမွှေးပြီးညိုလာလျှင် ပန်းကန်တခုထဲသို့ ဆယ်ထည့်ထားပါ။
၎။ ငရုတ်သီးကြော်ထားသော ဆီထဲကို ချင်းနှင့်ကြက်သွန်ဖြူထည့်၍ဆီသတ်ပါ။ အနံ့ မွှေးလာလျှင် အသားကို ထည့်ကြော်ပါ။
၅။ အသားမှအရည်များစထွက်လာလျှင် ပန်းမုန်လာနှင့် မုန်လာဥနီကိုထည့်ကြော်ပါ။
၆။ အရည်များအကုန်ခမ်းပြီး ဆီထွက်လာလျှင် ကြက်သွန်နီကိုထည့်၍ ၁ မိနစ်ခန့် ကြော်ပါ။
၇။ ပြီးလျှင် ခရမ်းချဉ်သီးကိုထည့်ပြီးမွှေ၍ မီးဖိုပေါ်မှချပါ။
၈။ အနံ့ မွှေးပြီးအလွန်စားကောင်းသော ကုန်းဘောင်ကြီးကြော်ကို သုံးဆောင်နိုင်ပါပြီ။
Source: Ei San' Homemade Inspiration

MYKA Ecommerce
www.myka.com.mm

No comments:

Post a Comment