ငှက်ပျောသီးသာကူပေါင်း
လိုအပ်တာတွေကတော့
ရခိုင် ငှက်ပျောသီး တစ်ဖီး
သကြား ၁၅ ကျပ်သား
အုန်းသီး အနေတော် အနုတလုံး
သာကူစေ့ စတီးဇွန်းနဲ့ နှစ်ဇွန်း
နို့စိမ်း ဗူးဝက်
ဆား အနည်းငယ်
ရခိုင် ငှက်ပျောသီး တစ်ဖီး
သကြား ၁၅ ကျပ်သား
အုန်းသီး အနေတော် အနုတလုံး
သာကူစေ့ စတီးဇွန်းနဲ့ နှစ်ဇွန်း
နို့စိမ်း ဗူးဝက်
ဆား အနည်းငယ်
ငှက်ပျောသီးကို အခွံနွှာပြီး ပေါင်းမည့်အိုးတွင် ထည့်ပါ။ ရေမြုတ်အောင် ထည့်ပြီး သကြားနဲ့ ထည့်ပေါင်းပါ။ သာကူစေ့ကို ရေဆေးထားပါ။
အုန်းသီး ခြစ်ထားပါ။
၁၅ မိနစ်ခန့် ပေါင်းပြီး အုန်းသီး၊ နို့ စိမ်း၊ ဆားထည့်ပေါင်းပါ။
၁၅ မိခန့် ထပ်ပေါင်းပြီး သာကူစေ့ ထည့်ပါ။
၅ မိနစ်ခန့် ပေါင်းပြီး အအေးခံစားလို့ ရပါပြီ။
အိမ်လုပ်နည်းလေးပါ....
Source : Snow snow

MYKA Ecommerce
www.myka.com.mm
www.myka.com.mm
No comments:
Post a Comment