Monday, December 18, 2017

မုန့်ရေပါး (သို့) လမ်းသရဲမုန့်

မုန့်ရေပါး (သို့) လမ်းသရဲမုန့်



ပါဝင်ပစ္စည်းများ
ဆန်ကြမ်း...................... ၂ ဗူး ( နို့ ဆီဗူး )
ဆား.................... ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ဟင်းခတ်မှုန့် ......... အနည်းငယ် (ပါသည်ဆိုရုံ)
ကြက်ဥ......................... ၁ လုံး
ခရမ်းချဉ်သီး................... ၅ လုံး
ပဲပြုတ်.......................... ၁၀ ကျပ်သား
ပဲပင်ပေါက်..................... ၂၅ ကျပ်သား
ငရုတ်သီးစိမ်း................... ၁၀ တောင့်ခန့် 
ကုလားလေး မဆလာ......... ၂ ထုပ်
နံနံပင်............................ ၁ စည်း

ဆန် ၂ ဗူးကို ရေဆေးပြီး တစ်ညအိပ်ရေစိမ်ထားပါ။
တကယ်လို့ လက်လှည့်ကျောက်ကြိတ်စက်မရှိရင်တော့ ရေနို့ ဆီဗူး (၅) ဗူးခန့်နဲ့ ဖျော်ရည်
ဖျော်စက်မှာ ကြိတ်ပါ။
ထိုမုန့်နှစ်ရည်ထဲသို့ ဆား၊ ဟင်းခတ်မှုန့်၊ ကြက်ဥတို့ထည့်ပြီး သမသွားအောင်
နာနာလေးခေါက်ပြီး မွှေကာ နာရီဝက်ခန့်ထားပါ။
ဒီနေရာမှာ တစ်ခုသတိထားဖို့လိုတာက ရေထည့်ရတဲ့ အချိုးပါ။ ဆန်တွေက မတူတတ်သလို အသစ်၊ အပောာင်းတွေပေါ်မှာ မူတည်နေတဲ့အတွက် မုန့်သားမှန်ကန်စေဖို့အတွက် မုန့်တစ်ခု စမ်းသပ်ကြည့်ပြီးပြီဆိုမှ လိုအပ်လျှင် ပြန်လည် ဖြည့်စွက်ပေးဖို့ပါ။
မုန့်ရေပါးအိုးကို အပူပေးပြီး ပြုတ်တူကိုခွဲကာ အ၀တ်ညှပ်ထားတဲ့အစနဲ့ ဆီသုတ်လိမ်းပေးပါ။
မုန့်နှစ်ရည်ကို သေချာမွှေပြီး အိုးနှုတ်ခမ်းသား ပတ်လည်ကနေ ပါးပါးလေးလောင်းထည့်ပါ။ လိုအပ်ပါက မုန့်အိုးပြားကို လက်နဲလှည့်ပြီး (မုန့်သားညီအောင်) ကစားပေးရပါမယ်။
(မုန့်တစ်ခုလုပ်တိုင်း မုန့်ရည်ကိုမွှေပြီးမှ ထည့်ပေးရပါမယ်)
မုန့်နှစ်ရည်ပာာ ထည့်လိုက်တာနဲ့ ဇကာပေါက်လေးများ ထနေရမှာဖြစ်သလို

မုန့်ဖုတ်ဒယ်အိုးမှာ အလွယ်တကူလျှောဆင်းသွားပါမှ မိမိမုန့်နှစ်ရည်ပာာ အဆင်ပြေဆုံးအဆင့် ဖြစ်ပါတယ်။
( ပျစ်ချွဲ လုံးထွေးမနေရပါဘူး)
မုန့်ဖုတ်အိုးပေါ်က မုန့်သားအဆင်ပြေပြီဆိုရင် ခရမ်းချဉ်သီးကို ၄-၅ ဖတ်လောက်ညှပ်ထည့်၊ ပဲပင်ပေါက် ၁၅ပင် လောက်ဖြန့်ခင်းထည့်၊ ပဲပြုတ် ၅-၆ စေ့လောက်ထည့်၊ ငရုတ်သီးစိမ်း မိမိနှစ်သက်သလောက် ညှပ်ထည့်၊ နံနံပင်ထည့်၊ မဆလာလေး ဖြူးပြီး စလောင်းဖုံးလို့ခေါ်တဲ့ ဒယ်အိုးအဖုံးနဲ့ ဖုံးပေးထားရပါမယ်။
၂ မိနစ်လောက် အကြာမှာ ဘေးသားတွေပာာကြွပ်လာပါမယ်။ ထိုအခါမှ
အ၀တ်စညှပ်ထားတဲ့ ပြုတ်တူလေးအသုံးပြုကာ ပတ်ပတ်လည်ကို ဆီပုတ်ပေးရပါမယ်။
အလယ်ကိုလည်း သံယောင်းမလေးနဲ့ ဖောက်ကာ ဆီထည့်ပေးပြီး မိမိကြိုက်နှစ်သက်တဲ့ အနေအထားမှာ ဘေးပတ်လည်ကနေ သံယောင်းမလေးနဲ့ထိုးကာ အချပ်လိုက်ဖြစ်စေ၊ ခေါက်ချိုးဖြစ်စေ ကော်ယူလိုက်ပြီး ချက်ချင်းသုံးဆောင်ပါ။
(နှစ်သက်ပါက ဂေါ်ဖီထုပ်ပါးပါးလှီး၊ ဆူးပုတ်ရွက်များလည်း ပဲပင်ပေါက်ထည့်ချိန်မျိုးမှာ
ဖြည့်စွက် ထည့်စားနိုင်ပါတယ်)
ချဉ်ငံစပ်ပြုလုပ်ထားတဲ့ အချဉ်ရည်မျိုးနှင့် တွဲဖက်နိုင်သလို အလွတ်ကို ရေနွေးကြမ်းလေးဖြင့်လည်း တွဲဖက်နိုင်ပါတယ်။
Source: ဟင်းချက်နည်းများ

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment