ဒီနေ့
စိတ်ကူးပေါက်လို့ "ယံယံချဉ်စပ်ကြော်"
ကြော်စားထားတာလေး တင်ပေးလိုက်တယ်နော်....
ကြော်ရတာကလဲ
လွယ်ကူပြီး စားလို့ကလဲ ကောင်းမှကောင်း ဆောင်းတွင်းဆိုတော့ အသီးအနှံတွေကလဲ စိမ်းစိုလတ်ဆတ်ပြီး ကောင်းချက်ဘဲ....
"ယံယံချဉ်စပ်ကြော်" ပြုလုပ်ရန်အတွက်
ပါဝင်ပစ္စည်းများ
၁။ ယံယံချဉ်စပ် ၃ ထုပ်
၂။ ဂေါ်လခါးသီး အနဲငယ် ၊ မုန်လာဥနီ အနဲငယ်၊ ပဲသီး အနဲငယ်၊ ကြက်သွန်မြိတ် ၁ စည်း၊ ငရုတ်ပွ အနဲငယ်၊
မုန်ညင်းရွက် အနဲငယ်
၃။ ငုံးဥ လိုသလောက်
၎။ ပဲငံပြာရည်အကျဲ ၊ကြာညို့အကျဲ အနဲငယ်
၅။ ဟင်းချိုမှုန့်အနဲငယ် ၊ဆီအနဲငယ်
၂။ ဂေါ်လခါးသီး အနဲငယ် ၊ မုန်လာဥနီ အနဲငယ်၊ ပဲသီး အနဲငယ်၊ ကြက်သွန်မြိတ် ၁ စည်း၊ ငရုတ်ပွ အနဲငယ်၊
မုန်ညင်းရွက် အနဲငယ်
၃။ ငုံးဥ လိုသလောက်
၎။ ပဲငံပြာရည်အကျဲ ၊ကြာညို့အကျဲ အနဲငယ်
၅။ ဟင်းချိုမှုန့်အနဲငယ် ၊ဆီအနဲငယ်
"ယံယံချဉ်စပ်ကြော်" ကြော်နည်းအဆင့်ဆင့်
၁။ ခေါက်ဆွဲ ၃ ထုပ်နဲ့ ငုံးဥတွေကို ပြုတ်ထားပါ။
၂။ ဂေါ်လခါးသီး အနဲငယ် ၊မုံလာဥနီ အနဲငယ်၊ ပဲသီး အနဲငယ်၊ ကြက်သွန်မြိတ်
၁ စည်း၊ ငရုတ်ပွ အနဲငယ်၊ မုန်ညင်းရွက် အနဲငယ်တို့ကို လှီးထားပြီး ရေဆေးထားပါ။
၃။ ကြော်မယ့်အိုးထဲမှာ ဆီအနဲငယ်ထည့်ပြီး ဂေါ်လခါးသီး၊ မုံလာဥနီ၊ ပဲသီးတို့ကို
အရင်ထည့်ကြော်ပါ။
၎။ ပဲငံပြာရည်အကျဲ ၊ကြာညို့အကျဲ အနဲငယ်တို့ကို ဂေါ်လခါးသီး၊
မုံလာဥနီ၊ ပဲသီးတို့ ကြော်နေတဲ့အထဲကို ထည့်ပေးပါ။
၅။ နောက်တော့ မုန်ညင်းရွက်တွေထည့်ပါ။
၆။ ပြီးရင် ခေါက်ဆွဲပြုတ်ထားတာတွေ ထည့်ပြီး မွှေကြော်ပေးပါ။
၇။ နောက်တော့ ခေါက်ဆွဲထဲကပါတဲ့ အချဉ်မှုန့်တွေရယ် ဆီထုပ်တွေရယ်ကို ဖောက်ထည့်ပြီး
သမအောင်မွှေပေးပါ (ဟင်းချိုမှုန့် အနဲငယ်ထည့်ပါ) ၃ မိနစ်ခန့် ကြော်နေပေးပါ။
၈။ နောက်ဆုံးတော့ ငုံးဥတွေထည့်ပါ။ မွှေးအောင်လို့
ကြက်သွန်မြိတ်လှီးထားတာတွေ၊ ငရုတ်ပွတောင့် လှီးထားတာတွေထည့်ပြီး မီးအရှိန်လျော့ကာ
မွှေနေပေးပါ။ (၂ မိနစ်ခန့်)
ကဲ....အရသာရှိလှတဲ့
"ယံယံချဉ်စပ်ကြော်" လေးကို အသီးနှံလတ်လတ်ဆတ်ဆတ်လေးတွေနဲ့ စားသုံးလို့ရပါပြီ။
(အရသာကတော့ အရမ်းကောင်းဘဲ အသားတွေ၊ ကြက်ဥချောင်းတွေ ထည့်ကြော်စားရင်လဲ ရပါတယ်နော်)
(အရသာကတော့ အရမ်းကောင်းဘဲ အသားတွေ၊ ကြက်ဥချောင်းတွေ ထည့်ကြော်စားရင်လဲ ရပါတယ်နော်)
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment