Thursday, December 21, 2017

ဆီချက် လုပ်နည်း

ဆီချက် လုပ်နည်း

ဆီချက်အလွယ်လုပ်နည်းလေးကို ပြောပြပါ့မယ်....

၁။ အရင်ဆုံး ကြက်သွန်ဖြူဆီချက် ကြွပ်နေအောင် ချက်ပါ။

၂။ ပြီးရင် အသားပြုတ်မယ့်အထဲကို ကြက်သွန်ဖြူနဲ့ချင်းကို ဓားပြားရိုက်ထည့်ပါ။ အချိုမှုန့်နည်းနည်း ၊ ဆားသင့်ရုံ ထည့်ပြီး နူးအောင်ပြုတ်ပါ။

၃။ အဲဒီ ပြုတ်ရည်ဟာ ဆီချက်ရဲ့ဟင်းချိုဖြစ်ပါတယ်။ ကြက်သွန်မြိတ်လေး ညှပ်ထည့်ပြီး သောက်ရုံပါပဲ။

၎။ တစ်ခါ ရေနွေးအိုးပွက်ပွက်ဆူတဲ့အထဲ ခေါက်ဆွဲပြုတ်ပါမယ်။

၅။ ပုံမှာ ပြထားတဲ့တံဆိပ်ဆို တစ်ခွေခွဲဟာ လူတစ်ယောက်စာ အတော်ပါပဲ။

၆။ ခေါက်ဆွဲပြုတ်တဲ့အခါ အရမ်းပျော့သွားလို့မရပါဘူး။ အနေတော် ဖြစ်ရပါမယ်။

၇။ ပျော့သွားတဲ့ ခေါက်ဆွဲဟာ ဆီတွေ အကုန်စုပ်ပြီး ဖွာတာတာ ခြောက်ကပ်ကပ်ကြီးဖြစ်သွားရင် စားမကောင်းပါဘူး။

၈။ ဆီချက်လုပ်မယ့် ပန်းကန်ထဲကို ဒါးချိ (သို့) အချိုမှုန့်ထည့်၊ ငရုတ်ကောင်းမှုန့် ၊ ပဲငံပြာရည် အပျစ်ရည် အရင်ထည့်ပါ။

၉။ ပြီးမှ ပြုတ်ထားတဲ့ ခေါက်ဆွဲထည့်ပြီး ပဲငံပြာရည်အကျဲ နဲ့ ကြက်သွန်ဖြူဆီချက် အရေကော အဖတ်ကော ထည့်ပြီး ရေနွေးဖျောထားတဲ့ ကန်စွန်းရွက်ထည့်၊ အသားပြုတ် ညှပ်ထည့်ပြီး နှံ့ အောင် မွှေစားရုံပါပဲ....




Source : Kyaw Win

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment