ငါးရခိုင်ချဉ်စပ်ဟင်း
စနေ တနင်္ဂနွေ ပိတ်ရက်လေးလာပြန်ပြီဆိုတော့ လွယ်လွယ်ကူကူ
ချဉ်ငံစပ်ဟင်းလေးတစ်ပွဲလောက်
ချက်ပြီး အားလပ်ရက်ကို ဖြတ်သန်းကြရအောင်....
ချက်ပြီး အားလပ်ရက်ကို ဖြတ်သန်းကြရအောင်....
နှစ်သက်ရာ ငါးတစ်မျိုး
ကုလားအော်
ငရုတ်သီးစိမ်း
မန်ကျည်းသီးမှည့်
အချိုမှုန့်
နံနံပင် (သို့ ) ရှမ်းနံနံ
ဆား
မျှင်ငါးပိ (သို့) စိမ်းစားငပိ
ဆီ အနည်းငယ်
ဆနွင်းမှုန့် အနည်းငယ်
ကြက်သွန်ဖြူ
ငရုပ်ကောင်း အနည်းငယ်
ကုလားအော်
ငရုတ်သီးစိမ်း
မန်ကျည်းသီးမှည့်
အချိုမှုန့်
နံနံပင် (သို့ ) ရှမ်းနံနံ
ဆား
မျှင်ငါးပိ (သို့) စိမ်းစားငပိ
ဆီ အနည်းငယ်
ဆနွင်းမှုန့် အနည်းငယ်
ကြက်သွန်ဖြူ
ငရုပ်ကောင်း အနည်းငယ်
ပထမဆုံး ငရုတ်သီးစိမ်း နှင့် ကုလားအော်တောင့် များကို မီးအေးအေး
နှင့် နွမ်းသွားသည့်အထိ ကင်ပြီး ကြက်သွန်ဖြူနှင့်ရောကာ မညက်တညက် ကြိတ်ထားပေးပါ။
အိုးတစ်လုံးထဲမှာ ငါးကို ဆား၊ ဆနွင်းမှုန့်၊ အချိုမှုန့် ၊
မျှင်ငါးပိတို့နဲ့ နယ်ပြီး နှပ်ထားပါ။
မန်ကျည်းသီး ရေဖျော်ထားပါ။ နံနံပင် (သို့) ရှမ်းနံနံကို သင်ပြီး
ရေစိမ်ထားပါ။
နှပ်ထားသော ငါးကို မီးဖိုပေါ်တင်ပြီးလျှင် ကုလားအော်၊
ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ကြိတ်ထားတာထည့်ပါ။
ဆီထည့် ၊ ရေထည့်ပြီး တည်ထားပါ ။
ဆီထည့် ၊ ရေထည့်ပြီး တည်ထားပါ ။
ဆူပြီဆိုလျှင် မန်ကျည်းမှည့် အရည်ဖျော်ထားတာ ထည့်ပြီး ပြန်ဆူအောင်စောင့်ပါ
။
ဆူလာပြီဆို နံနံပင် (သို့) ရှမ်းနံနံ အုပ်ပြီး စားလို့ရပါပြီ ။
Source: Food In
Your Heart
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment