Thursday, December 28, 2017

အမဲသားနှပ်

အမဲသားနှပ်



ဒီနေ့တော့ သွေးအားကောင်းပြီး အဟာရဓါတ်တွေ များစွာပါဝင်တဲ့ အမဲသားကို ချက်စားကြမယ်နော်... 

ပါဝင်ပစ္စည်းများ
အမဲသား
ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ချင်း
ဆား ၊ အချိုမှုန့် ၊ ငံပြာရည်
ရှာလကာရည်
နနွင်းမှုန့် ၊ မဆလာ
ငရုတ်သီးအဖတ်
ဆီ

ပထမဦးစွာ အမဲသားကို ပါးပါးလေးတွေ ဖြစ်အောင်
လှီးထားပြီး ဆား ၊ အချိုမှုန့် ၊ ငံပြာရည် ၊ ရှာလကာရည်၊ နနွင်းမှုန့် ၊ မဆလာတို့ ဖြင့် နယ်ပြီး နှပ်ထားပါ။ အမဲသားမှာ အနံ့ရှိလို့ မဆလာကို များများထည့်ပေးပါ။
ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ချင်းတို့ကို များများ ကြိတ်ထားပါ။ ကြိတ်စက်မရှိလျှင်လည်း ဓါးဖြင့် သေးသေးလေးတွေ လှီးထားပါ။
ဆီပူနေသော ဒယ်အိုးထဲသို့ ကြိတ်ထားသော ကြက်သွန်နှင့် ချင်းများကို ထည့်ပြီး ဆီသက်ပါ။
အဲ့ဒီနောက် အမဲသားများကို ထည့်ပြီး ရောမွှေပါ။
အမဲသားများ မြုပ်သည်အထိ ရေများထည့်ပြီး အဖုံးဖုံးထားပါ။
ရေခမ်းခါနီးတွင် နောက်ထပ် တစ်ခါ ရေထပ်ထည့်ပါ။ အမဲသား မနူးမှာစိုးလို့ပါ။
ဒုတိအကြိမ် ရေခမ်းခါနီးတွင် အနှစ်များနှင့် အမဲသားများကို မွှေပေးပါ။
အစပ်ကြိုက်လျှင် ငရုတ်အဖတ်လေးတွေ ထည့်ပေးပါ။
ရေများ ခမ်းသွားလျှင် အမဲသားနှပ် ရပါပြီ။ အနံ့ကတော့ ပြောစရာမလိုအောင် မွှေးကြိုင်ပြီး အရသာရှိလှပါတယ်.... 

 MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment