အာလူး ဆနွင်းမကင်းလုပ်နည်း
လိုအပ်တာတွေကတော့
အာလူး ၂ ပိသာ
အုန်းသီး ၃ လုံး
သကြား ၇၅ ကျပ်သား
ထောပတ်ဆီ ၃၀ ကျပ်သား
ဆား အနည်းငယ်
ရွှေချီ ၁၅ကျပ်သား
အုန်းသီး ၃ လုံး
သကြား ၇၅ ကျပ်သား
ထောပတ်ဆီ ၃၀ ကျပ်သား
ဆား အနည်းငယ်
ရွှေချီ ၁၅ကျပ်သား
ဦးစွာ အာလူးကို နူးအောင်ပြုတ်ပါ။ အာလူးနူးလာလျှင် မီးဖိုမှချ၍
အအေးခံပါ။ အုန်းသီး ၃ လုံးကို ခြစ်ပြီး အရည်ညှစ်ပါ။ ထို့ နောက် အိုးတစ်လုံးတွင်
ထည့်ပြီး မီးဖိုပေါ်တွင်တင်၍ ဆီပြန်လာသည်အထိ ချက်ပေးပါ။ ရွှေချီမှုန့်ကို အရောင်ပြောင်းလာသည်အထိ
လှော်ပါ။ အာလူးကို အခွံခွာ၍ ညက်အောင် ထောင်းပါ။ ထို့ နောက် အာလူး၊ အုန်းဆီချက်၊ သကြား၊
ထောပတ်ဆီ၊ ဆား၊ ရွှေချီမှုန့်တို့ကို သမအောင်မွှေပါ။ ထို့ နောက် ဗန်းကို ထောပတ်ဆီ
အနည်းငယ် သုတ်လိမ်းပါ။ ၎င်းဗန်းထဲသို့ သမအောင်ရောမွှေထားသော ပါဝင်ပစ္စည်းများကို ထည့်ပါ။
မုန့်သားမျက်နှာပြင် ညီအောင် ညှိပေးပါ။ အောက်မီး နည်းနည်းပေးပြီး အပေါ်မီး များများပေးပါ။
အပေါ်မျက်နှာပြင် နီရဲလာအောင်ပေးပါ။ အပေါ်မျက်နှာပြင် တင်းပြီး နီရဲလာလျှင် မုန့်ကိုအအေးခံပါ။
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment