ကပ်ကြေးကိုက်လေး စားပါအုံး...
ဆန်ပြား (သို့ ) ညှပ်ခေါက်ဆွဲဖတ် ( ၂၀ ) ကျပ်သားကို ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဆား၊ ကြက်သားမှုန့် ၊ ပဲငံပြာရည်တို့ နှင့် သမအောင် နယ်ထားပါ။ ပုဇွန်( ၁၀) ကောင်ကို အခွံခွာ ရေဆေးပြီး ဆားနနွင်း နယ်ထားပါ။ ကင်းမွန်(သို့ ) ပြည်ကြီးငါးအနေတော် (၁၀) ကောင်ကို သန့် ရှင်းရေး လုပ်ပြီး ဓါးရာလေးတွေ ပေးကာ ဆားနယ်ပြီး ပြုတ်ထားပါ။
ကြက်ဥ နှစ်လုံးကို ပန်းကန်တစ်ခုထဲတွင် ခလောက်ထားပါ။ ပဲပြုတ် (၅) ကျပ်သား ၊ ပဲပင်ပေါက် (၅) ကျပ်သား၊ ကြက်သွန်ပင် (သို့ ) ကူးဆိုင် (၅)ပင်ခန့် ကို ရေဆေးကာ တစ်လက်မခန့် ဖြတ်ထားပါ။
ကြက်သွန်ဖြူ (၂) မွှာကို ဓါးပြား ရိုက်ထားပါ။
ကြော်မည့် အိုးထဲသို့ ဆီထည့်ကာ ကြက်သွန်ဖြူကို ဆီသတ်ပြီး
ပုဇွန်ကို ထည့်ကြော်ပြီး ပြည်ကြီးငါးနှင့် အရသာနယ်ထားတဲ့ ညှပ်ခေါက်ဆွဲဖတ်ကို ထည့်ပြီး ကြော်ပါ။

ထို့ နောက်
ပဲပင်ပေါက်နှင့် ပဲပြုတ်၊ ကူးဆိုင်ကို ထည့်ကာ ကြော်ပါ။ အပေါ့အငံ မြည်းပြီး
ကြက်ဥကို ထည့်ကာ သမအောင် မွှေကြော်ပြီး အရသာရှိသော ကပ်ကြေးကိုက်ကို
သုံးဆောင်နိုင်ပါပြီ။ ကြက်ဥကို ကြာဇံကြော်ထဲ ထည့်သလို သပ်သပ်ကြော်ပြီး ကပ်ကြေးနှင့်ညှပ်ပြီး
ထည့်လို့ လဲ အဆင်ပြေပါတယ်...
ကဲ....အရသာရှိသော ကပ်ကြေးကိုက်ကို
သုံးဆောင်နိုင်ပါပြီနော်။
Source: Khine Lay
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment