Wednesday, December 13, 2017

မွှေးမွှေးပူပူစပ်စပ် ကြက်ဥထမင်းကြော်

မွှေးမွှေးပူပူစပ်စပ် ကြက်ဥထမင်းကြော်

ပူပူစပ်စပ်ကလေး စားလိုက်လျှင်ဖြင့် ခံတွင်းမြိန်လှမှာပဲနော်။ အခုပဲ ကြက်ဥထမင်းကြော် ပူပူစပ်စပ်လေး လုပ်စားကြရအောင်။
ပါဝင်ပစ္စည်းများကတော့
ကြက်ဥ (၁ လုံး)
ဆီ (၁ ဇွန်းခွဲ)
ဆန် (နို့ဆီဘူး တစ်ဝက်)
ကြက်သွန်နီ (၁လုံး)
ဂေါ်ဖီထုပ် (လက်တစ်ဆုပ်စာ)
ကြက်သွန်ဖြူ (၂ မွှာ)
ငရုတ်ပွ (လက်တစ်ဆုပ်စာ)
ငရုတ်ပွ (လက်တစ်ဆုပ်စာ)
ငရုတ်သီးအနှစ် (သို့) ငရုတ်သီးမှုန့် (လက်ဖက်ရည် ဇွန်းတစ်ဝက်)
ဆား (အနည်းငယ်)
ပဲငံပြာရည် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)
ရှာလကာရည် အနည်းငယ်
သကြား အနည်းငယ်
ငရုတ်ကောင်းမှုန့်
ငရုတ်သီးစိမ်း ၂ တောင့်
နာနတ်ပွင့် ၂ ပွင့်
မုန်လာဥနီ၊ ပဲသီးစသည့် ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်များ ထည့်နိုင်ပါသည်။
ပြင်ဆင်ရန်
ဆန်ဆေး၍ မိနစ်၂၀ ခန့် ရေစိမ်ထားပါ။ ထို့နောက် ထမင်းချက်ရာတွင် စီးလောက်သည့် ပမာဏထိ ချက်ပါ။ မပျော့စေပါနဲ့။ ထမင်းကို အအေးခံထားပါ။
ဟင်းသီးဟင်းရွက်များ လှီးဖြတ်ထားပါ။
ကြက်ဥတစ်လုံးကို ဖောက်ကာ မွှေထားပါ။

ပြုလုပ်နည်း
ဒယ်အိုးထဲတွင် ဆီထည့်ကာ နာနတ်ပွင့်နှင့် ကြက်သွန်ဖြူတို့ကို ထည့်မွှေပါ။
ပြီးလျှင် လှီးထားသော ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး ရွှေရောင်သန်းလာသည့်အထိ မွှေပါ။
ထို့နောက် ငရုတ်သီးမှုန့်၊ ပဲငံပြာရည်နှင့် သကြားတို့ကို ထည့်မွှေပါ။
ပြီးလျှင် လှီးဖြတ်ထားသော ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်ပွတို့ကို ထည့်ပြီး သမအောင် ၃ မိနစ်ခန့် မွှေပေးပါ။
မီးအရှိန်လျှော့ကာ ခေါက်မွှေထားသော ကြက်ဥကို ထည့်ပါ။
ကြက်ဥ ကျက်ခါနီးလျှင် ရောမွှေပါ။ (မတူးစေရန် သတိထားပါ)
ထို့နောက် ချက်ထားသော ထမင်းထည့်ကာ ဆား၊ ငရုတ်ကောင်း ထပ်ထည့်၍ မွှေပါ။
မီးအရှိန် အနည်းငယ်မြှင့်၍ ၂ မိနစ်ခန့် မွှေပေးပါ။
နံနံပင်ကြိုက်လျှင် နံနံပင်အုပ်ကာ သုံးဆောင်နိုင်ပါပြီ။

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment