မျှစ်နှင့်ပဲပြုတ်ကြော်
အရမ်းလည်းလွယ်ကူပြီး စားလို့ ကောင်းတဲ့အရံပာင်းလေးပါ။

မျှစ်နှင့်ပဲပြုတ်ကြော်အတွက်
မျှစ် ( 10 ကျပ်သား ) နုတ်နုတ်လှီးထားသော မျှစ်ဝါကို 15 မိနစ်ခန့် ပြုတ်ပြီး ရေအေးစိမ်၊
အေးလျှင်ရေစစ်ကာရေညှစ်ထားပါ။
စားတော်ပဲပြုတ်အိအိ ( 5 ကျပ်သား)
ကြက်သွန်ဖြူ 3 မွှာကို အခွံခွာရေဆေးပြီး မညက်တညက်ထောင်းထားပါ။
ဆီထမင်းစားဇွန်း 2 ဇွန်း
ဆား၊ နနွင်း၊ အရသာမှုန့် အနည်းငယ်စီ
ကြော်မည့်အိုးထဲသို့ ဆီထည့်ကာ ဆီကျက်လျှင် ကြက်သွန်ဖြူ နှင့် နနွင်းအနည်းငယ်ကို
ထည့်ကာ နီညိုရောင်သန်းအောင် ဆီသတ်ပြီး မျှစ်နှင့် ဆား၊အရသာမှုန့် တို့ ကိုထည့်ကာ
၁၀ မိနစ်ခန့် သမအောင်မွှေပြီးကြော်ပါ။ ထို့ နောက် စားတော်ပဲပြုတ်ကိုထည့်ကာ ပဲမကျေသွားအောင်
၅ မိနစ်ခန့် ဖြည်းဖြည်းဆက်တိုက်မွှေကြော်ပြီး အရသာရှိတဲ့အရံပာင်း
တစ်ခွက်ကို သုံးဆောင်နိုင်ပါပြီရှင်။

MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment