Wednesday, December 27, 2017

ငါးရံ့၊ ဒန့်သလွန်သီးနှင့်​ မန်​ကျည်းသီးစိမ်းအချဉ်​ချက်

ငါးရံ့၊ ဒန့်သလွန်သီးနှင့် မန်ကျည်းသီးစိမ်းအချဉ်ချက်



ငါးရံ့.................. ကြီးကြီး ၁ကောင်
ဒန့်သလွန်သီး....... ၅ တောင့်
ကြက်သွန်နီသေး.... ၁ လုံး
ကြက်သွန်ဖြူ......... ၅ တက်
ခရမ်းချဉ်သီး.......... ၅ လုံး
ငရုတ်
သီးစိမ်း.......... ၅တောင်
မန်
ကျည်းသီးစိမ်း...... ၅တောင်
နနွင်း+အရောင်တင်......အနည်းငယ်စီ
ငါးငံပြာရည်............ ၃ ဇွန်း( ထမင်းစားဇွန်း )
ဟင်းခတ်မှုန့်............ ၁ ဇွန်း ( လက်ဖက်ရည်ဇွန်း)

ငါးရံ့ကို အကြေးခွံ ထိုးပြီး ရေဆေးသန့်စင်ကာ အကွင်းလိုက် လှီးပြီး ငါးငံပြာရည် ၁ ဇွန်း ၊ ဟင်းခတ်
မှုန့် ၊ နနွင်းမှုန့်တို့နဲ့ နယ်ပြီး (၁၀) မိနစ်ခန့် နှပ်ထားပါ။
မန်
ကျည်းသီးစိမ်းကို ပြုတ်ပြီး အရည်စစ်ယူထားပါ။
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ ကိုရောပြီး ညက်အောင်ထောင်းပါ။
စပ်ရှိန်းရှိန်း
လေး စားချင်ရင် ငရုတ်ခြောက်တောင့် ၃ တောင့်လောက်ပါ ရောထောင်းပါ။
ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီးပါ။ ( ကိုင်းခရမ်းချဉ်သီးဆို ပိုကောင်းပါသည်)
ဒန့်သလွန်သီးတွေကို ဓါးနဲ့ ခြစ်ထုတ်ပြီး၂ လက်မ အရှည်လောက် ပိုင်းဖြတ်
ပါ။
ဒယ်အိုးတစ်လုံး
အောက်​​ခြေမှာနနွင်း+ အရောင်တင်မှုန့်နဲ့ ရောထောင်းထားသော အရောကို အောက်ကထည့်ပြီး ခရမ်းချဉ်သီးတွေ ဖြန့်ထည့်ပါ။
ငါးငံပြာရည်၊ ဟင်းခတ်မှုန့်တို့နှင့် အရသာသွင်းပါ။
ဆီကို ဒယ်
အိုးပတ်လည်မှ အနည်းငယ်​​ လောင်းထည့်ကာမွှေပေးစရာ မလိုလောက်တဲ့ မီးအရှိန်မှာ ဆီပြန်လာသည်အထိ ချက်ပေးပါ။
ဆီပြန်လာပြီ ဆိုရင်တော့ အရသာနယ်ထားတဲ့ ငါးတွေထည့်ကာ ညင်
သာစွာမွှေပေးပါ။ရေအနည်းငယ်
ဖြည့်စွက်ပြီးနောက်တစ်ကြိမ်ဆူပွက်လာသည်အထိ ချက်​​ပေးပါ။
ပြန်လည်ဆူပွက်လာပြီဆိုရင် ၊ ဒန့်သလွန်သီးတွေထည့်ကာ ဖြည်းညင်းစွာ သမအောင် မွှေပေးပါ ( ငါးတွေ မကြေသွားအောင် သတိပြုပြီး
မွှေပါ)
‌မန်
ကျည်သီးစိမ်း ပြုတ်ရည်​​လေး အနည်းငယ်​​ လောင်းထည့်ပါ။
ငရုတ်
သီးစိမ်း ၊နံနံပင်တို့ ထည့်ပြီးခေတ္တ အဖုံးပြန်ပိတ်ထားပေးပါ။
ဒီဟင်းချက်မယ်
ဆိုရင်ညင်သာပြီး စိတ်ရှည်ဖို့တော့ လိုအပ်ပါမယ်။
Source: မေသတင်းရပ်ကွက်လေး

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment