Thursday, December 21, 2017

ကြက်ဥနဲ့ဆူးပုပ်လိပ်

ကြက်ဥနဲ့ဆူးပုပ်လိပ



ချက်တတ်သူတွေအဖို့ မဆန်းပေမဲ့ အခုမှ အချက်သင်နေသူတွေ ၊ မိဝေးဖဝေး ကိုယ်တိုင်ချက်နေရတဲ့ ယောက်ျားလေးတွေအတွက် ရည်ရွယ်ပါတယ်။

ကြက်ဥကို နည်းများစွာနဲ့ ချက်ပြုတ်လို့ရပါတယ်။ ဒီနည်းလေးကတော့ ကြက်ဥနဲ့ဆူးပုပ်ရောမွှေပြီး ကြော်တဲ့ သာမန် သမရိုးကျနည်းကနေ တစ်နည်းကွဲနေတဲ့ ကြော်နည်းပါ။
ကြက်ဥကို ခွက်ထဲ ဖောက်ထည့်ပြီး ဆားနည်းနည်းနဲ့ ကြေအောင်ခေါက်ပါ။
ဆူးပုပ်ရွက်ကိုလည်း အစည်းလိုက် ရေဆေးပြီး အရွက်နုလေးတွေကို သင်ထားပါ။
ပြီးရင် ဒယ်အိုးအပြန့်ထဲ ထည့်ပြီး အချပ်လိုက် မထူမပါးလေးဖြစ်အောင် ထည့်ပါ။
ကြက်ဥအပေါ်ကနေ ဆူးပုပ်ရွက်လေးကို တစ်ဘက်မှာ ထည့်ပြီး
အလိပ်ကလေးရအောင် လိပ်ပါ။
ခဏနေရင် ဆူးပုပ်လည်း ကျက်လောက်ပြီမို့ အိုးထဲကဆယ်ပြီး လိုသလောက် လှီးပါ။
အစပ်ကြိုက်သူတွေက ငရုတ်သီးစိမ်းပါးပါး ညှပ်ထည့်တာမျိုး၊ ပုစွန်ခြောက်တို့၊ ပုစွန်ခြောက်မှုန့်တို့ ထည့်တာမျိုး ကိုယ့်ဥာဏ်ကွန့်မြူးရင် ကွန့်မြူးသလို ထွင်လို့ ရပါတယ်။
အစားအသောက်တစ်မျိုးဟာ တစ်ခါလာလည်း ဒီပုံစံ၊ နောက်တစ်ခါလည်း ဒီပုံစံဘဲဆို ငြီးငွေ့တတ်ကြပါတယ်။ အမြင်တစ်မျိုးနဲ့အပြောင်းအလဲလေး ဖြစ်တာပေါ့နော်....

MYKA Ecommerce
www.myka.com.mm

No comments:

Post a Comment