ခရမ်းချဉ်သီး
ပန်ထွေဖျော်သုတ်
ခရမ်းချဉ်သီး ပန်ထွေဖျော်ကတော့ အစားများတဲ့ဟင်းတခွက်ပါ ။
ခရမ်းချဉ်သီး ပန်ထွေဖျော်သုတ်ကတော့ သိပ်ပြီး လုပ်စားလေ့မရှိကြပါဘူး။
ခရမ်းချဉ်သီးကို မီးသွေးမီးဖိုနဲ့ မီးဖုတ်တာက ပို၍ စားလို့ကောင်းပြီး၊
လေးဘက်နာသမားများပါ စားလို့ ရပါတယ်။ ခရမ်းချဉ်သီး ပန်ထွေဖျော်သုတ်သည် ကြက်သား
ကာလသားဟင်းနဲ့ တွဲစားလျင်လည်း အလိုက်ဖြစ်ပါတယ်။
၁။ ခရမ်းချဉ်သီးကို ပုံတွင် ပြထားသည့်အတိုင်း မီးဖုတ်ပြီး
အအေးခံပါ။
၂။ ခရမ်းချဉ်သီးများ အေးသွားလျင် အပေါ်မှ အရေခွံကို ခွာလိုက်ပါ။
၃။ ပြီးလျင် သုတ်ရန် အဆင်သင့်ပြင်ထားသည့် ကြက်သွန်နီ၊ နံနံပင်၊ ငရုပ်သီးစိမ်း၊ ငရုပ်အကျက်မှုန့်၊ ဆား ၊ ပုဇွန်ငံပြာရည်တို့နှင့် နှံ့စပ်စွာ သုတ်ပါ။
၎။ ဆီမပါ လေးဘက်နာသမားများပါ စားလို့ရတဲ့ ခရမ်းချဉ်သီး ပန်ထွေဖျော်သုတ်စားရန် အဆင်သင့်ဖြစ်ပါပြီ။

Source: WinWin KT for FOOD@HOME
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment