ခရမ်းကျွတ်သီး
ငါးပိကောင်ငပိချက်
ဟင်းလေးတခွက်ထဲနဲ့ ထမင်းစားမြိန်တဲ့ ဟင်းပွဲလေးမို့ အစားမိတ်ဆွေများနဲ့
ချက်နည်းကို ရှယ်လိုက်ပါတယ်။
ကြက်သွန်ဖြူ ၆ မွှာ၊ ကြက်သွန်နီ အသေး ၂ လုံး၊ ငရုပ်သီးစိမ်း ၂၅
တောင့် ၊အရောင်တင်မှုန့် ၊နနွင်းမှုန့် တို့ကို ရောထောင်းပါ။
ပြီးလျင် ဆီနဲနဲနဲ့ ထောင်းထားသည်များကို ဆီသတ်ပါ။
ပြီးလျင် သေးသေးလှီးထားသော ခရမ်းချဉ်သီး ၈ လုံးကို ထည့်၍ ခရမ်းချဉ်သီးများလိတ်သွားသည် အထိ မီးအေးအေးဖြင့် တည်ပါ ။
ခရမ်းချဉ်သီးများ လိတ်သွားလျင် ငါးပိကောင် ၃ ပိုင်းကို ထည့်၍ ခရမ်းချဉ်သီး ဆီသတ်နှင့် သမအောင် မွှေပါ။
ပြီးလျင် ရေအနည်းငယ် နှင့် dashi မှုန့် အနည်းငယ် ထည့်၍ အဖုံးအုပ်ပြီး ဆက်တည်ပါ။
ရေမခမ်း တခမ်းတွင် ခရမ်းကျွတ်သီးကို လေးခြမ်းစိပ်၍ နူးအိသည် အထိတည်ပါ။
ခရမ်းကျွတ်သီး နူးအိသွားလျင် ငရုပ်သီးစိမ်း အတောင့်လေးများနှင့် ဗမာနံနံပင် အုပ်၍ သုံးဆောင်ရန် အဆင်သင့် ဖြစ်ပါပြီ။
( အငံလေးစေလိုလျင်တော့ ငံပြာရည် (သို့) ဆား ထည့်လို့ရပါတယ်။ ဟင်းချိုမှုန့် နှစ်သက်လျင်လည်း ထည့်နိုင်ပါတယ်)

ခရမ်းကျွတ်သီး ငါးပိကောင်ချက်ကို သခွားသီး ကျွတ်ကျွတ်လေးနှင့်
တို့စားလျင် စားလို့ ကောင်းပါတယ်။
Source: WinWin KT. FOOD@HOME
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment