Friday, December 8, 2017

ငါးခေါင်းဟင်းရည် (သို့ )ငါးခေါင်း မျှစ်ချဉ်ချက်နည်း

ငါးခေါင်းဟင်းရည် (သို့ )ငါးခေါင်း မျှစ်ချဉ်ချက်နည်း



လိုအပ်သောပစ္စည်းများကတော့
ငါးခေါင်း ၊ မျှစ်ချဉ် ၊ မုန်ညင်းဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း
ကြက်သား ၊ငါးဖယ် ၊ ပဲငါးပိ ၊ ဂေါ်ရခါးညွန့် ၊ ရှမ်းနံနံ ၊ခရမ်းချဉ်သီး ၊ ငုံးဥ ၊ပဲပြား ၊ကြက်သွန်ဖြူ

ချက်နည်း
ငါးခေါင်းကို စင်ကြယ်အောင်ဆေးပြီး ဆား၊ ကြက်သားမှုန့်၊ ဆနွင်းအနည်းငယ်တို့ဖြင့် နယ်၍ နှပ်ထားပါ။ကြက်သားကိုလည်း ထိုနည်းအတိုင်း နယ်ထားပါ။
မျှစ်ချဉ်ကို ရေ ၁ ထပ်ဆေး၍ ကြက်သွန်နီ ၊နယ်ထားသောကြက်သား၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ဆား ၊ကြက်သားမှုန့် ၊ဆီအနည်းငယ်ထည့်၍ လုံးချက်ပါ။
ရေနွေးများများထည့်ပြီး အချိန်ကြာကြာတည်ထားပါ။
 
ငါးဖယ်များကို အနေတော်အလုံးလေးများ လုံးထားပါ။
မျှစ်ချဉ်အရည်အတော်ကျက်လျှင် ပဲငါးပိ၊ ငရုပ်သီးစိမ်းများထောင်းထည့်ပါ
နောက်ထပ်အိုးတစ်လုံးဖြင့် ကြက်သွန်နီပါးပါးလှီး၍ ဆီသတ်ကာ ငါးခေါင်းများလုံးချက်ပါ။
ငါးခေါင်းများ ကြေလွယ်သည့်အတွက် ခဏသာတည်ပါ
မျှစ်ချဉ်အိုးထဲသို့ အသင့်ပြင်ထားသော ငါးဖယ်လုံး၊ ငုံးဥ၊ မုန်ညင်း၊ ဂေါ်ရခါးညွန့်တို့ကို ခပ်ထည့်ပါ။ 
ထို့နောက် ငါးခေါင်းများထည့်၍ အားလုံးပေါင်းတည်လိုက်ပါ။ စားခါနီးလျှင်အပေါ်မှ ရှမ်းနံနံရွက်ထည့်အုပ်ပြီး အရသာရှိသောငါးခေါင်းဟင်းရပါပြီ
Source: မောင်(စွယ်စုံကျမ်း)

MYKA Ecommerce

www.myka.com.mm

No comments:

Post a Comment