Wednesday, December 20, 2017

ငါးသံပုရာပေါင်း

ငါးသံပုရာပေါင်း



ပါဝင်ပစ္စည်းတွေကတော့
၁။ ကကတစ်ငါး ................. အရွယ်တော် အကောင်လုံး( ၃၀) သားခန့် 
၂။ ကြက်သွန်ဖြူ ........................... ၁၀ တက်ခန့် 
၃။ ငရုတ်သီးစိမ်းတောင့်နီ ............. ၁၀ တောင့်
၎။ နံနံပင် ..................................... အနည်းငယ်(နုပ်နုပ်စင်း)
၅။ သံပုရာရည်............................ (၅) ဇွန်း
၆။ သကြားရည် .......................... (၂ ) ဇွန်းခန့် 
၇။ ဇီးသီး စားရည်စိမ် (အစေ့ထုတ်ပြီး နုပ်နုပ်စင်းပေးပါ)

ချက်နည်းကတော့ ပထမဆုံး ကကတစ်ငါးရဲ့ လည်ပင်း အစပ်နားကနေ
ကျောခွဲ အသားလွှချလိုက်ပါ။ ကျန်တစ်ဖက်ကိုလဲ ထိုနည်းတူ ခွဲချလိုက်ပါက ငါးတစ်ကောင်လုံး ပုံမပျက်ပဲ အရိုးထုတ်လို့ ရပါပြီ။
ရေနွေး ပွက်ပွက်ဆူထဲမှာ ဆား၊ သံပုရာရည် အနည်းငယ် ထည့်ပြီး ၅ မိနစ်ခန့်  ငါးကို ပြုတ်ပေးလိုက်ပြီး စစ်ယူထားပါ။
ဒယ်အိုးတစ်လုံးမှာ နုပ်နုပ်စင်းထားသော ပါဝင်ပစ္စည်းများကို ထည့်ပြီး အသား
ပြုတ်ရည်အနည်းငယ်၊ သံပုရာရည်၊ သကြား၊ ပာင်းခတ်မှုန့် တို့ နဲ့ ဆော့စ်ရည်ပုံစံဖြစ်အောင် ချက်ပေးပြီး ပထမဆယ်ထားသော ငါးအပေါ်လောင်းချပေးပြီး သံပုရာသီး အ၀ိုင်းလေးများ၊ နံနံပင် အခက်လေးတွေနဲ့  အလှဆင်လိုက်ရင် သံပုရာငါးပေါင်း မွှေးမွှေးလေး သုံးဆောင်လို့ ရပါပြီ။

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment