Thursday, December 21, 2017

ဝက်နံရိုး ပဲငပိထမင်းပေါင်း

ဝက်နံရိုး ပဲငပိထမင်းပေါင်း
ဝက်နံရိုးနုလေးတွေကို ပဲငပိ၊ ပဲငံပြာရည်အကြည်၊ ရှာလကာရည်နဲနဲ၊ ဆား၊ သကြား၊ ငရုပ်ကောင်းမှုန့် အဖြူ၊ ကော်မှုန့်၊ ရေအေးနဲနဲ၊ ဆီနဲနဲနဲ့ သေချာစွာနယ်ပြီး နှပ်ထားပါ။ ၂ နာရီခန့် နှပ်ထားသော ဝက်နံရိုးများကို ရေခဲ သေတ္တာထဲ ထည့်ထားပါ။
စားကာနီးတွင် ဒယ်အိုးကို အရင်ပူအောင် လုပ်ပြီး ဆီနဲနဲ ထည့်ပါ ။
ပြီးလျင် ကြက်သွန်နီ ၁ လုံးကို ၄ ခြမ်း ခွဲ၊ ချင်း မထူမပါး ၃ ပြားကို ထည့်လိုက်ပါ။
ပြီးရင် ခပ်ထူထူ လှီးထားသော ငရုပ်ပွ အစိမ်းအနီတို့ကို ထည့်ပြီး ကြော်ပါ။ ၃ မိနစ်လောက် ကြော်ပြီး ဖယ်ထား ပါ။
ဒယ်အိုးကို မပြောင်းဘဲ ဆီနဲနဲ ထပ်ထည့်ပြီး နှပ်ထားသော ဝက်နံရိုးများကို ထည့်၍ နီသွားသည်အထိ မီးပြင်း ပြင်းနဲ့ ချက်ပါ။
ဝက်နံရိုးများ နီသွားလျင် ရေနဲနဲထည့်၍ ချက်ပါ။
ဝက်အသားများ နူးလျင် ခုနက ဖယ်ထားသည့် ငရုပ်ပွကြော်ကို ဒယ်အိုးထဲ ပြန်ထည့်၍ ဝက်နံရိုးနဲ့ ရောသွား အောင် သေချာစွာ မွှေပြီး ကော်မှုန့် နဲနဲနဲ့ ရေအေးဖျော်ထားသည့် ကော်ရေကို ထည့်ပြီး မီးဖိုမီး ပိတ်လိုက်ပါ။
ပြီးလျင် ပန်းကန်ပြားထဲတွင် ထမင်းထည့်၍ အပေါ်မှ ဝက်နံရိုး ပဲငပိချက်ကို လောင်းထည့်လိုက်ပါ။
အရသာရှိတဲ့ ဝက်နံရိုး ပဲငပိထမင်းပေါင်းလေး ရပါပြီ။



Source: WinWin KT for FOOD@HOME

MYKA Ecommerce

www.myka.com.mm

No comments:

Post a Comment