ပသျူးထမင်းကြော်နည်းလေးပါရှင့်
ကြက်သား (သို့မဟုတ်) ဝက်သား
ပြုတ်ပြီးသားအနည်းငယ်ကို ပါးပါးလှီးထားပါ။
မုန်လာဥနီ၊ ပန်းဂေါ်ဖီပွင့်၊ ပဲတောင့်ရှည်သီး
အနည်းငယ်ကို ပုံပါအတိုင်း လှီးပြီး ရေဆေးပြီး ဇကာဖြင့်စစ်ထားပါ။
ကြော်မည့်ထမင်းကို ချေထားပြီး ဆား
အနည်းငယ်ထည့်နယ်ထားပါ။
မီးဖိုပေါ်
ဒယ်အိုးတင် ဆီထည့် ဆီကျက်လျှင် ဘဲဥ (သို့မဟုတ်) ကြက်ဥတစ်လုံးကို ဖောက်ထည့်ပြီး
ဆီသပ်သလို သပ်ပါမယ်။
ကြက်ဥဆီသပ်ရလျှင် လှီးထားသော အသားများထည့် ၊ငရုပ်သီးအစိမ်းမှုန့်
ထည့်ဆီသပ်ပါ။
ကြက်ဥ ၊အသား ၊ငရုပ်သီး ဆီသပ်တာရလျှင် လှီးဖြတ်ရေဆေးထားပြီးသော အသီးအနှံများကိုထည့်ပါ။
ဆား၊ အချိုမှုန့် (သို့မဟုတ်) ခနော
ကြက်သားမှုန့်ထည့်ပြီး မွှေပေးပါမယ်။
ခရုဆီကို ဟင်းမွှေဇွန်း တစ်ဇွန်းခန့် ထည့်ပါမယ်။ သမအောင်မွှေပေးရပါမယ်။
တရုပ်မဆလာ အနည်းငယ်ထည့်ပြီးမွှေပေးပါမယ်။
ငရုပ်သီးအစိမ်းတောင့် အနည်းငယ် ( အစပ်ကြိုက်လျှင်
များများ) ပါးပါးလှီးပြီးထည့်ပါမယ်။
အားလုံးသမအောင်
မွှေပြီး အသီးအနှံအနည်းငယ်ကျက်လာပြီဆိုလျှင်
ချေထားသောထမင်းများထည့်ပါ။ ပဲငံပြာရည် အနည်းငယ်ထည့်ပါမယ်။
ပဲငံပြာရည် ထည့်ပြီး ငရုပ်ကောင်းမှုန့်
ထည့်ပါ။
သမအောင် နှံ့အောင် မွှေပြီးကြောပါ။
သမပြီး နှံ့ပြီး မွှေးပြီး အသီးအရွက်လည်း ကျက်ပြီဆိုရင်တော့ ပသျှူးထမင်းကြော် တစ်အိုးရပါပြီ... ( သုံးပွဲစာပါ )
သမပြီး နှံ့ပြီး မွှေးပြီး အသီးအရွက်လည်း ကျက်ပြီဆိုရင်တော့ ပသျှူးထမင်းကြော် တစ်အိုးရပါပြီ... ( သုံးပွဲစာပါ )
အချဉ်နဲ့ တွဲစားချင်ရင်တော့ ကြက်သွန်နီနှစ်လုံး
ပါးပါးလှီး၊ ရေဆေး ငရုပ်သီးအစိမ်းတောင့်လေးညှပ်ထည့်ပြီး ငံပြာရည် အနည်းငယ်ထည့်၊ သံပုရာသီးလေး
ညှစ်ထည့်ပြီး အအီပြေ အချဉ်လေးနဲ့ တွဲဖက်စားသုံးလို့ ရပါပြီ....
MYKA Ecommerce
www.myka.com.mm






No comments:
Post a Comment