Monday, December 11, 2017

ရခိုင်မုန့် တီချက်နည်း

မ Cho Cho Titmuss ရဲ့ စားချင်စရာကောင်းတဲ့ ရခိုင်မုန့်တီကို ပြန်လည်မျှဝေလိုက်ပါတယ်။

Homemade ရခိုင်မုန့် တီချက်နည်းကို ရေးပေးထားပါတယ်။
မုန့် ဖတ်အမျှင်သေးသေး...... (၅၀) ကျပ်သား
ငါးခူ............................. (၃၀) ကျပ်သား
ငရုတ်သီးစိမ်း.................... (၂၀) တောင့်ခန့် 
စိမ်းစားငပိ........................ ၁ ဇွန်း (ထမင်းစားဇွန်း)
မန်ကျည်းသီးမှည့်................... ၂ ဇွန်း
စပါးလင်...............................၂ ချောင်း( အဖြူရောင်အပိုင်းသာ)
ပဒဲကောသေးသေး................ ၁ တက်
ငါးငံပြာရည်.......................လိုအပ်သလို
ဟင်းခတ်မှုန့်  ...................အနည်းငယ်
တွဲဖက်စားသုံးရန်
ငရုတ်သီးပြုတ်ထောင်းရည်
မန်ကျည်းမှည့်ရည်
ပဲကြော် (သို့ ) ငါးဖယ်ကြော်
ကြက်သွန်ဖြူ ဆီချက်
နံနံပင် ပါးပါးလှီး
ပထမဆုံး ငါးခူအကောင်လိုက်ကို အချွဲတွေ ပြောင်စင်အောင် ဆေးပါ။
ထိုငါးခူကို ငါးပိဇွန်းဝက် ၊ ငါးငံပြာရည် ၂ ဇွန်း ၊ နနွင်းမှုန့် အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်တို့ ဖြင့် နယ်ကာ စပါးလင်တစ်ခုကို ဓါးပြားရိုက်ကာ ရေလေးမြုပ်ရုံထည့်ကာ နူးသွားသည်အထိပြုတ်ပေးပါ။
ရေမခမ်းခင် ငါးနူးသွားရင် ဆယ်ယူအအေးခံကာ အသားတွေ နွှင်ထုတ်ပါ။
ထိုအရိုးတွေကို လက်ကျန်ငါးပြုတ်ရည်ထဲထည့်ကာ ခေတ္တပြန်ပြုတ်ပေးပါ။
မန်ကျည်းဖျော်ထားပါ။
ငရုတ်သီးစိမ်းတွေကို နူးအောင်ပြုတ်ပြီး ညက်နေအောင်ထောင်းပါ။
ဆားနဲ့ ရေနွေးလေးထည့်ကာ မပျစ်မကျဲလေးဖျော်ပါ။
ငါးဖယ်တွေကို ကြော်ပြီး ဆီစစ်ထားပါ။
ကြက်သွန်ဖြူကို ပါးပါးလေးတွေလှီးပြီး နနွင်းမှုန့် လေးနဲ့ အတူ ဆီချက်ထားပါ။
အထက်ပါအရာတွေ အဆင်သင့်ဖြစ်ပြီဆိုရင် ဟင်းရည်စချက်ပါမယ်။
ပထမဆုံး အိုးတစ်လုံးမှာ ငါးပြုတ်ရည်ကို စစ်ထည့်ပြီး လက်ကျန်ငပိ၊ စပါးလင်
ဓါးပြားရိုက်၊ ပဒဲကောကို ပါးပါးလှီးထည့်၊ ငရုတ်ကောင်းစေ့ တစ်ဇွန်းကို မညက်တညက်ထောင်းထည့်ပြီး စတင်အပူပေးပါ။
ထွက်လာတဲ့ အညစ်အကြေးနဲ့ အမြှုပ်တွေကိုစစ်ထုတ်ပါ။ ရေအနည်းငယ်ဖြည့်စွက်ပြီး ထိုနည်းအတိုင်း ပြုလုပ်ပါ။
( ဟင်းရည်ကြည်လင်စေရန်ဖြစ်သည်)
အညစ်အကြေး၊ အမြှုပ်တွေကုန်စင်ပြီဆိုတာနဲ့ ဟင်းရည်ထဲမှာပါနေတဲ့အရာတွေအားလုံးကို
ဇကာတစ်ခုနဲ့ ပြန်စစ်ထုတ်လိုက်ပါ။
မီးဖိုပေါ်ပြန်တင်ပြီး ငါးအသားနွှင်တွေထည့်ကာ မီးလျှော့ချပြီး ဟင်းရည်ကျအောင် ပြန်တည်ထားပါ။ အရသာ(လိုအပ်ပါက) ဖြည့်စွက်ပါ။ ပြီးရင် သုံးဆောင်နိုင်ပါပြီ။





Source : Cho Cho Titmuss

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment