Wednesday, December 6, 2017

မန်ကျည်းရွက် ပုဇွန်စပ်ကြော်

မန်ကျည်းရွက် ပုဇွန်စပ်ကြော်

ပါဝင်ပစ္စည်းများ
မန်ကျည်းရွက် - ၁၀ ကျပ်သား
ပုဇွန်စိပ် - ၂၅ ကောင် ကျပ်သား (ခေါင်းဖြုတ်ထားပါ)
ငံပြာရည် - ၂ ဇွန်း (ဟင်းစားဇွန်း)
ကြက်သွန်နီ - ၂ လုံး (သေးသေးစဉ်းထားပါ)
ကြက်သွန်ဖြူ - ၁ လုံး
အရောင်တင်မှုန့် - ၁ ဇွန်း (လဖက်ရည်ဇွန်း)
နနွင်းမှုန့် - အနည်းငယ်
ဆား - အနည်းငယ်
ဆီ - အနည်းငယ်
ငရုပ်သီးစိမ်း - ၂၀ တောင့် (ကွဲအောင် ထုထားပါ)





ပြုလုပ်နည်း
ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ နနွင်းမှုန့် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူတို့ကို ထည့်၍ နွမ်းလာအောင် ဆီသတ်ပါ ။
ပြီးလျှင် အရောင်တင်မှုန့်ထည့်၍ ပုဇွန်လေးများ ထည့်ပါ ။
ရေနွေးအနည်းငယ် ၊ ထုထားသည့် ငရုပ်သီးစိမ်း နှင့်ငံပြာရည်ထည့်၍၊ ဆီပြန်လာအောင် တည်ထားပါ ။
ဆီပြန်ခါနီးတွင် မန်ကျည်းရွက်ကို အုပ်၍ ၊ ဆီပြန်လျင် အပေါ့အငံပြင်၍ မိမိစိတ်ကြိုက်အရသာရလျင် မန်ကျည်းရွက်ပုဇွန်စပ်ကြော် စားလို့ရပါပြီရှင် ။
Source: WinWin KT. FOOD@HOME

 MYKA Ecommerce

www.myka.com.mm

No comments:

Post a Comment