Thursday, December 28, 2017

ရှမ်းထမင်းကြော်

ရှမ်းထမင်းကြော်





၁။ ထမင်းကြော် ကောင်းစေချင်ရင် ထမင်း အနေအထားက ကောင်းရပါမယ်။ ထမင်းကြမ်းနဲ့ ကြော်ပါ။ ဒါမှမဟုတ် ရေခဲသေတ္တာထဲ တစ်နာရီလောက် အအေးခံထားပြီး ဆား၊ ပဲငံပြာရည် နဲ့ နယ်ပါ။
၂။ ကြက်၊ ၀က်၊ ပုစွန် ကြိုက်တာနဲ့  ကြော်လို့ ရသလို ကြက်ဥ ဒါမှမဟုတ် အသားမပါဘဲ ကြော်လို့ ရပါတယ်။ အသားကို ကြိတ်ထားတာ ထည့်ရင်ရသလို ပြုတ်ထားတာကိုလည်း ပါးပါးလှီးထည့်လို့ ရတယ်။
၃။ ခရမ်းချဉ်သီးကို တစ်ပွဲစာကို တစ်လုံးနှုန်း နဲ့ သေးသေးလှီးထားပါ။
၎။ ကြက်သွန်နီကို ကြီးကြီးလေး အကွင်းလိုက် လှီးပါ၊ ကြက်သွန်ဖြူ ဓားပြားရိုက်ပါ။ နှစ်သက်သလောက် ထည့်ပါ။
၅။ ကြက်ဥနဲ့ အသီးအရွက်တွေကိုတော့ နှစ်သက်တာ ထည့်ပါ။
၆။ ငရုပ်သီး အကြမ်းဖတ်နဲ့  ငရုပ်သီးစိမ်းပါးပါး လှီးထည့်လို့ ရပါတယ်။

အရင်ဆုံး အိုးထဲကို ဆီထည့်ပါ။ အသားကို အရင်ထည့်ပြီး အသားကျက်ရင် ခရမ်းချဉ်သီး ထည့်ပါ။ နွမ်းလာတဲ့ အထိ မွှေပေးပါ။ ကြက်သွန်နီ ထည့်ပြီး နွမ်းလာပြီဆိုရင် ကျန်တဲ့ အသီးတွေထည့်ပါ။ ငရုပ်သီး ထည့်ပါ။ ကြက်သားမှုန့် (သို့ ) ဟင်းချိုမှုန့် နှစ်သက်ရာ ထည့်ပါ။ ၂ မိနစ်လောက် သမအောင် မွှေပြီးရင် ထမင်းထည့်ပြီး မွှေပါ။ ကြက်ဥခေါက်ပြီး အပေါ်ကနေ လောင်းထည့်ပြီး မွှေပါ။ အရသာကတော့ မိမိ နှစ်သက်သလို ထည့်ပါ။ ဥပမာ အငန်ကြိုက်ရင် အငန်၊ ပေါ့ပေါ့လေးကြိုက်ရင် ပေါ့ပေါ့လေးပေါ့။
အရသာရှိတဲ့ ထမင်းတနပ်ရပါပြီ။
Source: Food in Yangon


MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment