Thursday, December 14, 2017

ပဲပြုတ်ထမင်းကြော်

မြန်မာတော်တော်များများ ကြိုက်နှစ်သက်တဲ့ မနက်စာလေးပါ။ စားတော်ပဲပြုတ်ရှိရင် အချိန်တိုအတွင်းမှာ အလွယ်တကူ ကြော်စားနိုင်တဲ့ မနက်စာလေးပါ။

ပဲပြုတ်ထမင်းကြော်



ပုလုပ်နည်း
ထမင်းကြမ်း - တရုတ်ပန်းကန်လုံး နှစ်လုံးခန့်ကို ဖွကာ ဆား ၊ အရသာမှုန့် ၊ ပဲငံပြာရည် အနဲငယ်စီ ထည့်ကာ သမအောင် နယ်ထားပါ။
ကြက်သွန်နီ - တစ်လုံးကို ရေဆေးကာ ပါးပါးလှီးထားပါ။
စားတော်ပဲပြုတ် - ၅ ကျပ်သားခန့် 
ဆီ၊ နနွင်း၊ အရသာမှုန့် ၊ ဆား၊ ပဲငံပြာရည် အနဲငယ်စီ
ကြက်ဥ - ၂ လုံးကို မကျက်တကျက်ကြော်ထားပါ။
ချဉ်ပေါင်ကြော်
ကြော်မည့် ဒယ်အိုးထဲသို့ ဆီ ၂ ဇွန်း (ထမင်းစားဇွန်း) ကိုထည့်ကာ ဆီကျက်လျှင် ပါးပါးလှီးထားသော ကြက်သွန်နီနှင့် နနွင်းအနဲငယ်ကို ထည့်ကာ ဆီသတ်ပါ ။
နီညိုရောင်သန်းလျှင် ထမင်းကိုထည့်ကာ သမအောင် ဆက်တိုက်မွှေ ၅ မိနစ်ခန့် ကြော်ပါ ။
ထို့ နောက် ပဲပြုတ်ကို ထည့်ကာ ၁၀ မိနစ်ခန့် ဆက်တိုက် မွှေကြော်ပြီး အပေါ့အငံ မြည်းကာ အရသာရှိသော မနက်စာ ပဲပြုတ်ထမင်းကြော်ကို သုံးဆောင်နိုင်ပါပြီ ။
Source: FOOD@HOME

MYKA Ecommerce
www.myka.com.mm

No comments:

Post a Comment