ကြက်သား ပဲရည်သုပ်
ပါဝင်ပစ္စည်းများ
ကြက်သား
အသဲအမြစ်
မွှေးပဲ အစိမ်းမုန့်
ကြက်ဥ
ဆား
အချိုမှုန့်
ဆနွင်း
ရေ
ဂေါ်ဖီ
ကြက်သွန်နီ
ရှောက်ရွက်
ငရုပ်သီးစိမ်း
ငရုပ်သီးမှုန့်
သံပုရာသီး
ငံပြာရည်
ဟင်းခတ်မှုန့်
ပြုလုပ်နည်း
မွှေးပဲအစိမ်းမုန့် တစ်ထုပ်ကို ဆား ၊ အချိုမှုန့် ၊ ဆနွင်း နည်းနည်းထည့်ပြီး ရေဖျော်ထားပါ။
ကြက်သားကို ရေဆေး သန့်စင်ပြီး ဆား ၊ ဆနွင်း နယ်ပြီး ရေနဲ့ပြုတ်ပါ။ နူးလာရင် ဆယ်ထားပါ။
ကြက်ပြုတ်ရည်ထဲကို ရေဖျော်ထားတဲ့ ပဲရည်တွေ ထည့်ပြီး ကျိုပါ။
မပြတ်မွှေပေးပါ။
ပဲအစိမ်းနံ့ ပျောက်ပြီး မွှေးလာရင် ခေါက်ထားတဲ့ ကြက်ဥတစ်လုံးကို ထည့်ပါ။
ဆူပွက်လာရင် ရပါပြီ။
ကြက်သားနှင့် အသဲအမြစ်ကို အနေတော် လှီး၍ ပဲရည်ဆမ်းပြီး ဂေါ်ဖီ၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ ငရုပ်သီးစိမ်း ၊ ငရုပ်သီးအမှုန့်ရော ထည့်ပြီး၊ သံပုရာညှစ်၊ ငံပြာရည်၊ ဟင်းခတ်မှုန့် ထည့်ပြီး ချဉ်ချဉ်စပ်စပ် သုပ်စားပါ။
Source: Food At Home
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment