ကြက်ဆီထမင်း
လိုအပ်သော ပစ္စည်းများ
ထမင်း ဆန်ချိန်ခွက် - ၃ ခွက်
ကြက်ပေါင်ခြမ်း - ၃ ခြမ်း (အဆီများများ)
ကြက်ရိုး - ၃၀ ကျပ်သား
ကြက်သွန်ဖြူ - ၃ ဥ (၁၅မွှာ)
ချင်း - အနည်းငယ်
ဆား - အနည်းငယ်
နာနတ်ပွင့် - ၁ ပွင့်
ပဲငံပြာရည် အကျဲ ထမင်းစားဇွန်း -၁ ဇွန်း
ငရုတ်ကောင်းမှုန့်  - အနည်းငယ်
သကြား ထမင်းစားဇွန်း - ၁ ဇွန်း
ပျားရည် ဇွန်းသေး - ၁ ဇွန်း
မုန်လာဥအနေတော် - ၁ ဥ
ငရုတ်သီးအနီတောင့် - ၅ တောင့်
သံပုရာရည် ထမင်းစားဇွန်း - ၁ ဇွန်း (သို့ ) ရှာလကာရည် ဇွန်းသေး - ၁ဇွန်း
ပဲငပိအချို ထမင်းစားဇွန်း - ၁ဇွန်း
နံနံပင် - အနည်းငယ်
သခွားသီး - ၁လုံး
ပြင်ဆင်ပုံ
ကြက်ဆီ ထမင်း အတွက်
ကြက်ပြုတ်ရည် အတွက် ကြက်ရိုးများကို ရေဆေး ခုတ်ထစ်ပြီး ကြက်သွန်ဖြူ ၄ မွှာကို ဓားပြားရိုက်၊ ချင်း၊ ဆား၊ နနွင်းမှုန့် အနည်းငယ်တို့ နှင့် နယ်ပြီး ရေ ၁.၅ လီတာ ထည့်ပြီး ၁ နာရီခန့်  မီးအေးအေးဖြင့် တည်ပါ။
ကြက်ပေါင်ခြမ်းတွေမှ ကြက်အရေခွံနဲ့ အဆီတွေကို ခွာပြီး ပန်းကန်တလုံးထည့်ပြီး
ဆား၊
နနွင်းမှုန့် အနည်းငယ်တို့ နှင့် နယ်ထားပါ။
ဒယ်အိုးထဲ ဆီအနည်းငယ် ထည့်ပြီး ဆီဆူလာလျှင် ကြက်အရေခွံနဲ့ အဆီတွေ ထည့်ကြော်ပေးပါ။ ကြက်ဆီမွှေးမွှေးလေး ရလာပါမည်။
ထမင်းပေါင်းအိုးထဲ ဆေးပြီးသားဆန်ကို ထည့်၊ ကြက်ဆီ ဆန်ချိန်ခွက် တ၀က်၊ ကြက်ပြုတ်ရည်ကို ဆန်ချိန်ခွက် ၄ ခွက်ခွဲ၊ ဆား အနည်းငယ်၊ နာနတ်ပွင့်ကို အဖတ်လေးတွေ ခွာထည့်ပြီး ခလုတ်နှိပ်ပါ။
ထမင်း မကျက်ခင် ကြက်ဆီတွေနှံ့ အောင် ထမင်းကို အပေါ်အောက် လှည့်ပေးပါ။ (အပူငွေ့ ကို သတိထားပါ)

ကြက်သား
အတွက်
ကြက်ပေါင်တွေကို ပဲငံပြာရည်အကျဲ၊ ငရုတ်ကောင်းမှုန့် ၊ သကြား၊ ပျားရည်၊ ဆား အနည်းငယ်တို့ နှင့်နယ်ပြီး နာရီဝက်ခန့် နှပ်ပါ။
ဒယ်အိုးထဲ ဆီအနည်းငယ် ထည့်ပြီး ဆီဆူလာလျှင် ကြက်ပေါင်တွေကို ထည့်ကြော်ပါ။ အပေါ်ယံအလွှာ နီညိုရောင်ရလာလျှင် ကြက်ပြုတ်ရည် အနည်းငယ်ထည့်ပြီး ကျက်အောင် ကြော်ပါ။

ဟင်းချိုအတွက်
မုန်လာဥကို ပါးပါးလှီး၊ ဆားနှင့် နယ်ပြီး ရေဆေးထားပါ။ ကြက်ပြုတ်ရည်ကို ဆူအောင် ပြန်တည်ပြီး ဆူလာလျှင် ကြက်သွန်ဖြူ ၄ မွှာကို ဓားပြားရိုက်ပြီး ထည့်ပါ။ ပြီးလျှင် မုန်လာဥတွေ ထည့်ပြီး ဆူအောင်ထည်ပါ။ အရသာ အပေါ့အငန်ပြင်ပါ။

အချဉ်အတွက်
ကြက်သွန်ဖြူ ၄ မွှာ၊ ငရုတ်သီး အနီတောင့် ၅တောင့်ကို ရောကြိတ်ပြီး ဆား အနည်းငယ်၊ သံပုရာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ကြက်ပြုတ်ရည် အနည်းငယ် ထည့်ပြီး ရောမွှေပါ။
ပဲငပိ အချိုနဲ့ ကြက်ပြုတ်ရည် အနည်းငယ်ထည့်ပြီး ရောမွှေပါ။

ပန်းကန်ထဲ ကြက်ဆီထမင်းကို အလယ်မှာ ထည့်၊ ကြက်သားတွေကို အရှည်လိုက်လှီးပြီး စီထည့်၊ သခွားသီးကို စောင်းစောင်းလေးတွေ လှီးပြီးစီထည့်၊ နံနံပင်ကို စီထည့်ပါ။
ငရုတ်ချဉ်၊ ပဲငပိ နှင့် မုန်လာဥဟင်းရည် တို့ ကို ပန်းကန်လေးတွေနဲ့  ထည့်ပြီး ပြင်ပေးလိုက်လျှင် အမြင်လည်းလှ၊ စားလို့ ကောင်းတဲ့ ကြက်ဆီထမင်း ရပါပြီ။
Source: Knowledge Corner

MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment