Wednesday, December 27, 2017

ပုစွန်ထမင်းပေါင်း

ပုစွန်ထမင်းပေါင်း




ပါဝင်ပစ္စည်းများ
ပုစွန်ထုပ်- လတ် ( ၁၀) ကောင်
ငါးဆုပ်လုံး (၁၀) လုံး
မုန်ညင်းထုပ် (၁) ထုပ်
မုန်လာဥနီ (၁) ချောင်း
ငရုတ်ပွ (၂) ခု
ပန်းဂေါ်ဖီ အနည်းငယ်
ဘိုစားပဲသီး အနည်းငယ်
ကိုက်လန် အနည်းငယ်
ပဲပြား (၁) ခု
ကြက်သွန်ဖြူ (၅) မွှာ
ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း (၂) ဇွန်း
ခရုဆီ စားပွဲတင်ဇွန်း (၁) ဇွန်း
နှမ်းဆီမွှေး စားပွဲတင်ဇွန်းဝက်
ကော်မှုန့် စားပွဲတင်ဇွန်းဝက်
ဆီ စားပွဲတင်ဇွန်း (၅) ဇွန်း
သကြား အနည်းငယ်
ဆား အနည်းငယ်
ကြက်သားမှုန့် အနည်းငယ်
ထမင်း အသင့်အတင့်

ပြင်ဆင်ပြုလုပ်နည်း
ပုစွန်ထုပ်များကို ခေါင်းချွတ် အမြီးချန်၍ ခရုဆီအနည်းငယ်၊ သကြား အနည်းငယ်၊ ဆား အနည်းငယ်တို့ဖြင့် နယ်ထားပါ။
အသီးအရွက်များကို လှီးဖြတ်၍ ဆား ထည့်ထားသော ရေထဲတွင် နာရီဝက်ခန့် စိမ်ထားပြီး ရေဆေးကာ စစ်ထားပါ။ ပဲပြားကို အပါးလေးများ လှီးပါ။
ဒယ်အိုးထဲတွင် ဆီထည့်၍ ဆီပူလျှင် ကြက်သွန်ဖြူ ဓားပြားရိုက် ဆီသတ်ပါ။ အနံ့ မွှေးလာလျှင် ပုစွန်၊ ငါးဆုပ်လုံးနှင့် ပဲပြားများ ထည့်၍ ကြော်ပါ။ ထို့ နောက် အရောင်ရလာလျှင် အသီးအရွက်များ ထည့်ပြီး သကြား၊ ကြက်သားမှုန့် ၊ ဆားတို့ကို ထည့်ပါ။
မီးပြင်းပြင်းနှင့် အဖုံးအုပ်၍ (၂) မိနစ်ခန့် ကြော်ပြီးနောက် ပဲငံပြာရည်၊ ခရုဆီတို့ကို ထည့်မွှေပြီး ရေ (လက်ဖက်ရည်ပန်းကန်လုံး ၁ လုံး) စာခန့် ထည့်ပါ။ ရေဆူလာလျှင် အသီးအရွက်များကို ဘေးကပ်၍ ကော်မှုန့်ကို ရေအနည်းငယ်နှင့် ဖျော်ကာ ထည့်ပါ။
ကော်ရည်ပျစ်လာလျှင် အသီးအရွက်များနှင့် ပြန်ရော၍ နှမ်းဆီမွှေးထည့်ကာ ထမင်းပေါ်သို့ အုပ်၍ သုံးဆောင်နိုင်ပါသည်။


MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment