မုန့်လုံးရေပေါ်
မုန့်လုံးရေပေါ်မှာလဲ သူ့လျို့ ဝှက်ချက်နဲ့ သူရှိပါတယ်။
ကောက်ညှင်းမှုန့် ၃ ဆ၊ ဆန်မှုန့် ၁ ဆ (၃း ၁) ကို ရေနွေးနွေး ၂ ဆ နဲ့ရော (ရေနွေးကို ဖြေးဖြေးချင်း ထည့်နော် ပျော့လွန်း မာလွန်းမှာလဲ စိုးရသေး ၊ မုန့်လုံးရေပေါ် မပြဲဖို့က မုန့်နယ်ရာမှာလဲ ပညာပါပါတယ်)
မုန့်လုံးလေးတွေ လုံးပြီးပြီဆို ပွက်ပွက်ဆူနေတဲ့ အိုးထဲ ထည့်ရတော့မယ်ပေါ့နော်။ ပွက်ပွက်မဆူခင် ရေနွေးအိုးထဲ ထုံးရေကြည် ၂ ဇွန်းလောက် ထည့်ပေးလိုက်ပါ။ ( ထုံးရေကြည် ထည့်ခြင်းအားဖြင့် မုန့်လုံးလေးတွေဟာ ပျော့ပြီး တစ်ခုနဲ့ တစ်ခုကပ်မနေပဲ တင်းတင်းလေး ဖြစ်သွားတယ်) ထို့  နောက် ပွက်ပွက်ဆူလာပြီး မုန့်လုံးလေးတွေ ထည့်ပါ။ နာမည်နဲ့လိုက်အောင် အလုံးလေးတွေ ရေပေါ်ပေါ်လာရင်တော့ ဆည်ယူရတော့မယ်။
အဲ့နေရာမှာလဲ ပညာလေးပါပြန်ရော၊ ဆယ်ယူပြီး ပန်းကန်ထဲမထည့်ခင် အိုးတစ်လုံးထဲ ရေခဲရေထည့် စကာလေးခံပြီး ခုနကဆယ်ထားတဲ့ အလုံးလေးတွေကို ရေခဲရေအိုးထဲ အရင်ထည့်ပေးပါ။ ပြီးမှ ခံထားတဲ့ စကာလေးနဲ့စစ်ပြီး စားမယ့် ပန်းကန်လေးထဲထည့်၊ အုန်းသီးလေးဖြူးပြီး စားလို့ရပါပြီ။
ရေခဲရေလေးနဲ့ ခဏပြန်စိမ်ပေးခြင်းဟာ မုန့်လေးလေးတွေကို လုံးဝမကပ်စေပဲ ထုံးရေကြည်ကြောင့် တင်းတင်းလေးလဲဖြစ် ထန်းလျက် အတုံးကြီးကြီးထည့်လဲ အပြင်ပေါက်မထွက်တာကြောင့် အလုံးလေးတွေလဲလှ အရသာလဲ အရမ်းကောင်းပါတယ်။
မုန့်လုံးရေပေါ်ကြိုက်ရင်တော့ နည်းလမ်းလေးမှတ်သွားနော်....
Source: WinWin KT for FOOD@HOME
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment